Digital object identifier
ပုံပန်းသွင်ပြင်
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
အတိုကောက် | DOI |
---|---|
မိတ်ဆက် | ၂၀၀၀ |
စီမံသည့်အဖွဲ့အစည်း | International DOI Foundation |
ဝဘ်ဆိုဒ် | doi.org |
ဒစ်ဂျစ်တယ် အရာဝတ္ထုများ မှတ်ပုံတင်စာ ဟု အနက်ဖွင့်နိုင်မည့် DOI ဟုအတိုခေါ်သည့် Digital Object Identifier ဆိုသည်မှာ ဒစ်ဂျစ်တယ် အရာဝတ္ထုများ၊ အများအားဖြင့် အင်တာနက်ပေါ်တွင် တွေ့ရှိရသည့် ဂျာနယ်စာတမ်းများ၊ သုတေသန အစီရင်ခံစာများ၊ သတင်းအချက်အလက် အစုအဝေးများ၊ အစရှိသည်တို့ကို သတ်သတ်မှတ်မှတ် ရှာဖွေမှတ်သားနိုင်ရန် အိုင်အက်စ်အို (ISO) မှ စံအဖြစ်သတ်မှတ်ထားသော မှတ်ပုံတင်စာတစ်မျိုး ဖြစ်သည်။