ရှမ်းနီအမျိုးသား (၄၀)ကျော်ကို PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ဟု SNA ထုတ်ပြန်
24670
မြူနစ် (NP News) - ဇန်နဝါရီ ၁၅
ရှမ်းနီအမျိုးသား (၄၀)ကျော်ကို PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ရှမ်းနီအမျိုးသားများလက်နက်ကိုင်အဖွဲ့ SNA က ထုတ်ပြန်ထားသည်။
ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)နှင့် SNA သည် ယနေ့(ဇန်နဝါရီလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်အဖွဲ့သည် စစ်ကိုင်းတိုင်း၊ အောင်ဇေ ယျမြို့၊ သနန်ရွာတွင် ရှမ်းနီအမျိုးသား အပြစ်မဲ့ပြည်သူ (၃၇)ဦးနှင့် ကလေးသူငယ်ပါမကျန်မိသားစုလိုက် သတ်ဖြတ်ခဲ့သည်ဟု SNA က ထုတ်ပြန်ထားသည်။
ထို့ပြင် ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကူကီးချင်းလက်နက်ကိုင်အဖွဲ့သည် စစ်ကိုင်းတိုင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်းပေါ်ရှိ စံခပ်လော်ကျေးရွာတွင် သနန်ရွာသား ရှမ်းနီလူမျိုး (၄)ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း SNA က ဆိုသည်။
အဆိုပါလုပ်ရပ်သည် လူမဆန်သည့်အပြင် လူမျိုးတစ်မျိုးမှ အခြားလူမျိုးအား အနိုင်ကျင့်ဗိုလ်ကျခြင်းဖြစ်ပြီး ရှမ်းနီလူမျိုးများ မျိုးသုန်းပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်သည့်အတွက် ၎င်းလုပ်ရပ်များကို SNA အဖွဲ့က ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချထားသည်။
ထို့ကြောင့် ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးသည် လူမျိုးသုန်းသတ်ဖြတ်မှုမြောက်သည့်အတွက် PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်နှင့် ၎င်းတို့အား ပံ့ပိုးကူညီကြသော အဖွဲ့အစည်းများ၏ အလုံးစုံတာဝန်သာဖြစ်ကြောင်း SNA က သတိ ပေးထားသည်။
ရှမ်းနီဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေရန် လုပ်ကိုင်သော မည်သည့်အဖွဲ့အစည်းကိုမဆို တုံ့ပြန်တိုက်ထုတ်သွားမည်ဟုလည်း SNA က ကြေညာထားသည်။
zawgyi version
ရွမ္းနီအမ်ိဳးသား (၄၀)ေက်ာ္ကို PDF အမည္ခံ ကူကီးခ်င္းလက္ နက္ကိုင္အဖြဲ႕က အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့ဟု SNA ထုတ္ျပန္
ျမဴနစ္ (NP News) - ဇန္နဝါရီ ၁၅
ရွမ္းနီအမ်ိဳးသား (၄၀)ေက်ာ္ကို PDF အမည္ခံ ကူကီးခ်င္းလက္နက္ကိုင္အဖြဲ႕က အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့ေၾကာင္း ရွမ္းနီအမ်ိဳးသားမ်ားလက္နက္ကိုင္အဖြဲ႕ SNA က ထုတ္ျပန္ထားသည္။
ရွမ္းနီအမ်ိဳးသားမ်ားညီၫြတ္ေရးေကာင္စီ(SNUC)ႏွင့္ SNA သည္ ယေန႔(ဇန္နဝါရီလ ၁၅ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၂၄ ရက္တြင္ PDF အမည္ခံ ကူကီးခ်င္းလက္နက္ကိုင္အဖြဲ႕သည္ စစ္ကိုင္းတိုင္း၊ ေအာင္ေဇ ယ်ၿမိဳ႕၊ သနန္႐ြာတြင္ ရွမ္းနီအမ်ိဳးသား အျပစ္မဲ့ျပည္သူ (၃၇)ဦးႏွင့္ ကေလးသူငယ္ပါမက်န္မိသားစုလိုက္ သတ္ျဖတ္ခဲ့သည္ဟု SNA က ထုတ္ျပန္ထားသည္။
ထို႔ျပင္ ယခု ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁၃ ရက္တြင္လည္း ကူကီးခ်င္းလက္နက္ကိုင္အဖြဲ႕သည္ စစ္ကိုင္းတိုင္း၊ ျမန္မာ-အိႏၵိယ နယ္စပ္မ်ဥ္းေပၚရွိ စံခပ္ေလာ္ေက်း႐ြာတြင္ သနန္႐ြာသား ရွမ္းနီလူမ်ိဳး (၄)ဦးကို ထပ္မံသတ္ျဖတ္ခဲ့ေၾကာင္း SNA က ဆိုသည္။
အဆိုပါလုပ္ရပ္သည္ လူမဆန္သည့္အျပင္ လူမ်ိဳးတစ္မ်ိဳးမွ အျခားလူမ်ိဳးအား အႏိုင္က်င့္ဗိုလ္က်ျခင္းျဖစ္ၿပီး ရွမ္းနီလူမ်ိဳးမ်ား မ်ိဳးသုန္းပ်က္စီးေစလိုေသာ ရည္႐ြယ္ခ်က္ျဖင့္ သတ္ျဖတ္သည့္အတြက္ ၎လုပ္ရပ္မ်ားကို SNA အဖြဲ႕က ျပင္းထန္စြာ ကန႔္ ကြက္ရႈတ္ခ်ထားသည္။
ထို႔ေၾကာင့္ ယခုကဲ့သို႔ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈမ်ိဳးသည္ လူမ်ိဳးသုန္းသတ္ျဖတ္မႈေျမာက္သည့္အတြက္ PDF အမည္ခံ ကူကီးခ်င္းလက္နက္ကိုင္ႏွင့္ ၎တို႔အား ပံ့ပိုးကူညီၾကေသာ အဖြဲ႕အစည္းမ်ား၏ အလုံးစုံတာဝန္သာျဖစ္ေၾကာင္း SNA က သတိ ေပးထားသည္။
ရွမ္းနီေဒသအတြင္း ေနထိုင္ၾကေသာ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ပ်က္စီးေစရန္ လုပ္ကိုင္ေသာ မည္သည့္အဖြဲ႕အစည္းကိုမဆို တုံ႔ျပန္တိုက္ထုတ္သြားမည္ဟုလည္း SNA က ေၾကညာထားသည္။